“Field of Sorrows (ကြေမွလွင်ပြင်)” မှတ်တမ်းရုပ်ရှင်နှင့်အတူကျင်းပခဲ့သည့် “ယိုယွင်းပျက်စီးနေသည့် တရားစီရင်ရေးစနစ် အောက်တွင် တရားမျှတမှုအတွက် တိုက်ပွဲဝင်ခြင်း - ပဋိပက္ခအတွင်းရှိ အမျိုးသမီးများ၏ ရုန်းကန်မှု” စကားဝိုင်းဆွေးနွေးပွဲမှ အရေးကြီးသည့် ဆွေးနွေးချက်များကို ပြန်လည်မျှဝေပေးလိုက်ပါသည်။
တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ အမှန်တကယ် ပေါ်ပေါက်လာစေရန် နိုင်ငံတကာ၏ အခန်းကဏ္ဍသည် မည်မျှအရေးကြီးသနည်း။ နိုင်ငံတကာအနေဖြင့် ပဋိပက္ခနှင့် ဆက်နွယ်သောလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် အမျိုးသမီးများနှင့် အသက်ရှင်သန်ကျန်ရစ်သူများအတွက် တရားမျှတမှုရရှိရေး၊ အကာအကွယ်ပေးရေးနှင့် ကျူးလွန်သူမှ တာဝန်ယူမှုတာဝန်ခံမှုရှိလာစေရန် ဖော်ဆောင်ရေးတို့အတွက် မည်သို့ ထိရောက်စွာ ပံ့ပိုးပေးသင့်သနည်း။ ဤမေးခွန်းများအပေါ် ဆွေးနွေးသူများ၏ အမြင်နှင့် အရေးကြီးသည့် အချက်များကို နားဆင်ကြည့်ပါ။