Skip to main content

The Price of Sham Election

ချင်းပြည်နယ်မှာ ကျင်းပပြုလုပ်မဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီပွဲ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲဟာ စစ်တပ်ရဲ့အာဏာကို ပြန်လည်ထိန်းချုပ် နိုင်ဖို့နှင့် ပြစ်ဒဏ်မှကင်းလွတ် နိုင်ရန် လက်နက်တစ်ခုသာဖြစ်ပါတယ်။ ဒေသခံတွေအတွက်တော့ ဒီရွေးကောက်ပွဲဟာ အကြောက်တရားသာဖြစ်စေပြီး အများပြည်သူ လိုချင်တောင့်တတဲ့ စစ်မှန်တဲ့ ရွေးကောက်ပွဲနဲ့ ရလာဒ်ကောင်းတွေ ထွက်လာဖို့ မျှော်လင့်ချက် မဟုတ်ပါဘူး။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲက ပျက်စီးသွားတဲ့ အရာတွေကို ပြန်တည် ဆောက်လို့ မရဘူး။ နောက်ပြီးတော့ ပြည်သူတွေရဲ့ ဒီမိုကရေစီ တောင်းဆိုမှုကို နှုတ်ဆိတ်လို့ မရဘူး။ အတုအယောင်ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး ချင်းပြည်နယ်က စစ်ဘေးရှောင် ပြည်သူများ ၊ CDM ဝန်ထမ်းများနှင့် တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့တို့၏ ရင်ဖွင့်သံများဖြစ်တဲ့ မှတ်တမ်းဗွီဒီယိုအား ကြည့်ရှုနိုင်ပါပြီ။ ဤဗီဒီယိုကို Women for justice - wj မှထုတ်လုပ်ထားတာဖြစ်ပါတယ်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ တရာမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ ပိုမိုလေ့လာလိုပါက ၎င်းတို့၏ Facebook စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။