ထိုဇနီးမောင်နှံမှ PDF ဆိုသည်ကို တစ်ခါမျှမကြားဖူးကြောင်း၊ PDF လည်းမဟုတ်ရကြောင်း ငြင်းဆိုကြ သော်လည်း စစ်သားများက လက်မခံဘဲ ခြိမ်းခြောက်မှုများပြုလုပ်၍ အိမ်၌ ထွန်းထားသော မီးများကို ပိတ်ခိုင်းပြီး စစ်သား(၁)ယောက်မှ ခင်ပွန်းဖြစ်သူကို အိမ်နောက်ဖေးဘက်သို့ခေါ်သွားပြီး ဦးခေါင်း မဖော်ရန် သေနတ်ဖြင့်ခြိမ်းခြောက်သည့်အပြင် စားပွဲပေါ်ရှိ ဖန်ခွက်ဖြင့် ၎င်း၏ဦးခေါင်းကို ရိုက်နှက် သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တစ်ချိန်တည်းမှာပြင် ကျန်စစ်သား(၂) ယောက်မှ မီးနေသည်အား အိပ်ခန်းထဲသို့ခေါ်သွား၍ ၎င်းပွေ့ချီထားသည့် (၁လခွဲ)ခန့်အရွယ် မွေးကင်းစ ကလေးငယ်အား အမြန် ချထားခိုင်းပြီး ကုတင်ပေါ်သို့ အတင်းအဓမ္မ အိပ်ခိုင်းစေခဲ့သည်။ သူမက အတန်တန်တောင်းပန် သော်လည်း စစ်သားများက သေနတ်ဖြင့် ပစ်သတ်မည်ဟုခြိမ်းခြောက်ပြီး အတင်းအဓမ္မ မုဒိမ်းကျင့်၍ ထွက်ခွာသွားခဲ့သည်။
အချိန်အတန်ကြာတွင် ယင်းစစ်သား (၃) ယောက်အနက် စစ်သား(၂) ယောက် ရောက်ရှိလာပြီး (၁)ယောက်က ခင်ပွန်းဖြစ်သူအား ထိန်းချုပ်ခြိမ်းခြောက်ထားပြီး ကျန် (၁)ယောက်က ၎င်းမီးနေသည် ကို ခင်ပွန်းရှေ့ ထပ်မံမုဒိမ်းကျင့်၍ ထွက်သွားခဲ့သည်။ ထို့နောက် ည ၁၂နာရီခန့်တွင် ယင်းစစ်သား (၃)ယောက် အရက်မူးလျှက် ပြန်ရောက်လာပြီး (၁) ယောက်က ခင်ပွန်း ဖြစ်သူကို ခြိမ်းခြောက်ပြီး ကျန်စစ်သား(၂) ယောက်က ၎င်းမီးနေသည်အား ထပ်ဆင့်မုဒိမ်းကျင့်ပြန်သည်။
ထို့အပြင် စစ်သားများသည် ၎င်းဇနီးမောင်နှံတို့ပိုင်ဆိုင်သည့် ဖုန်း၊ ပါဝါဘင့်၊ ငွေသား တစ်သောင်း ရှစ်ထောင် (၁၈၀၀၀)ကျပ်နှင့် ရွေနားကပ်တို့ကို အတင်းအဓမ္မလုယူသွားခဲ့သည်သာမက ခင်ပွန်းဖြစ်သူ ကို အရက်ဆိုင်သို့ ဆိုင်ကယ်ဖြင့် အတင်းအဓမ္မ လိုက်ပို့ခိုင်းခဲ့ရာ အရက်ဆိုင်မဖွင့်သဖြင့် ၎င်းအား ထပ်မံညှဉ်းပန်း နှိပ်စက်ခဲ့ပြန်သည်။
မြန်မာစစ်တပ်သည် နှစ်ပေါင်း (၇၀)ကျော်ကြာ ပြည်တွင်းစစ်ပဋိပက္ခ ဖြစ်ပွားရာ တိုင်းရင်းသား ဒေသများတွင် တိုင်းရင်းသူ အမျိုးသမီးများအား မုဒိမ်းကျင့်ခြင်း အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်လက်နက်သဖွယ်အသုံးပြု၍ အစီအစဉ်ချ ကျူးလွန်လျက်ရှိသည့်အပြင် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၌ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျယ်ပြန့်စွာ ကျုးလွန်လျက်ရှိပြီး ပြစ်ဒဏ်ပေးခြင်းမှလည်း ကင်းလွတ်ခွင့် ဆက်လက်ရရှိနေသည်ကို ဤချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာနေ မီးနေသည် အမျိုးသမီးအား လူမဆန်စွာ အုပ်စုလိုက် အကြိမ်ကြိမ်မုဒိမ်းကျင့်မှုဖြစ်ရပ်က အခိုင်အမာသက်သေပြ နေသည်။
မိမိတို့ အဖွဲ့ချုပ်မှ အကြမ်းဖက်စစ်တပ်အား ၎င်းတို့၏ လူသားဖြစ်မှုအပေါ်ဆန့်ကျင်သည့်ရာဇဝတ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများအား တာဝန်ယူတာဝန်ခံနိုင်ရန်အတွက် နိုင်ငံတကာ တရားမျှတမှု၊ တာဝန်ယူမှု တာဝန်ခံမှု ယန္တယားများနှင့် ထိရောက်စွာအပြစ်ဒဏ် အရေးတကြီး လုပ်ဆောင်ရန် အထူးလိုအပ်နေကြောင်း သုံးသပ်သည်။
သို့ဖြစ်ပါ၍ မိမိတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ အောက်ပါအချက်များကို တောင်းဆို တိုက်တွန်းလိုက်ပါသည်။
- အကြမ်းဖက်စစ်ကောင်စီမှ နှစ်ပေါင်းများစွာ ကျုးလွန်လျက်ရှိသော ပဋိပက္ခနှင့် ဆက်နွယ် သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် လူသားဖြစ်မှုအပေါ် ဆန့်ကျင်သည့် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများအတွက် တာဝန်ယူ တာဝန်ခံမှု ရှိရန် နှင့် တရားမျှတမှုရရှိရန်အတွက် နိုင်ငံတကာ ယန္တရားများအားဖြင့် ထိရောက် သည့် ပြစ်ဒဏ်ပေးအရေးယူဆောင်ရွက်မှုများ ချက်ချင်းလုပ်ဆောင်ရန်။
ဆက်သွယ်ရန်
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)
အတွင်းရေးမှူး - ၀၉ ၇၉၈ ၅၈ ၂၁၄၀
မူဝါဒရေးရာ ဉီးဆောင်အဖွဲ့- ၀၉ ၈၆၃၅ ၄၆၂၀၈