ဝန်ထမ်းရှာဖွေခေါ်ယူခြင်း
Finance Manager-ဘဏ္ဍာရေး မန်နေဂျာ
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် မြန်မာနိုင်ငံမှ နောက်ခံသမိုင်းကြောင်း စုံလင်ကွဲပြားသည့် အမျိုး သမီးအဖွဲ့အစည်း(၁၃)ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းထားသော အဖွဲ့ချုပ် ဖြစ်သည်။ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို အခြေခံသော ငြိမ်းချမ်း တရားမျှတသော လူ့ဘောင်အဖွဲ့အစည်းသို့ ရှေးရှု၍ အမျိုးသမီးများ ဘ၀အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက်ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပါသည်။
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)တွင် တာဝန်ထမ်းဆောင်ရန် ဖော်ပြပါ ရာထူးတာဝန်များအတွက် ဝန်ထမ်း ရှာဖွေခေါ်ယူလျက်ရှိပါသည်။
|
ခန့်အပ်သောလိုသော ရာထူး |
Finance Manager - ဘဏ္ဍာရေး မန်နေဂျာ |
|
အစီရင်ခံရမည့်သူ |
အထွေထွေအတွင်းရေးမှူး |
|
ကာလ |
1 year (Possible extension) |
|
အလုပ်ချိန် |
ရုံးချိန် (နံနက်-၉း၀၀ မှညနေ-၅း၀၀) နာရီအထိ (Monday to Friday) |
|
လုပ်ငန်းစတင်ချိန် |
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ |
|
တာ၀န်ထမ်းဆောင်ရမည့်နေရာ |
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ |
|
ပညာအရည်အချင်း |
Bachelor degree in Accounting, Finance, Commerce, LCCI Level 3 or Part I & Part II ACCA or equivalent degree |
|
အသက် |
၂၅ နှစ်အထက် |
|
အခြေခံလစာ |
USD 1200 နှင့်အခြားသောအကျိုးခံစားခွင့်များ |
|
လျှောက်လွှာပိတ်မည့်ရက် |
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ |
၁။ Finance Manager ၏တာဝန်ဝတ္တရားများ
- Finance manager သည် အဖွဲ့ချုပ်၏ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို အပြည့်အဝ တာဝန်ခံရမည်။
- ဘဏ္ဍာရေးမန်နေဂျာသည် Finance Team ကို လုပ်ငန်း စီမံခန့်ခွဲမှုစီမံ ဆောင်ရွက်ရမည်။
- အဖွဲ့ချုပ်၏ လုပ်ငန်းစီမံချက်အားလုံးအတွက် ဘတ်ဂျက်ရေးဆွဲရာတွင် သက်ဆိုင်ရာ oversee/program manager ဌာနအသီးသီး၏ တာဝန်ရှိသူများနှင့် တွဲဖက်၍ ရေးဆွဲရမည်။
- အလှူရှင်များမှ budget proposal နဲ့ သက်ဆိုင်သော ဘဏ္ဍာရေးဆိုင်ရာ မေးခွန်းများ မေးမြန်းလာပါက ဦးဆောင်ဖြည့်စွက်ဖြေဆိုပေးရမည်။
- အလှူရှင်များ ထံသို့ Quarterly & Annual Financial repot များကို အချိန်မှီ တင်သွင်းနိုင်ရန် တာဝန်ယူရမည်၊
- လုပ်ငန်းစီမံချက်အလိုက် သတ်မှတ်ထားသော ခေါင်းစဥ်၊ ဘတ်ဂျက်နှင့် အညီ သုံးစွဲနိုင်ရန် စီမံခန့်ခွဲရမည်၊
- စာရင်းစစ်များ (အတွင်း နှင့် အပြင်) နှင့် ပတ်သက်၍ တာဝန်ယူဆောင်ရွက်ရမည်၊
- ဘဏ္ဍာရေးနည်းစနစ်များ တိုးတက်ကောင်းမွန်ရန် လိုအပ်သော သင်တန်းများစီမံဆောင်ရွက်ရမည်။
- အဖွဲ့ ချုပ်နှင့်သက်ဆိုင်သည့်အစည်းအဝေးများကို တက်ရောက်ရမည်။
- ဘဏ္ဍာရေးဌာန ၏ပုံမှန်အစည်းအဝေးကို ဦးဆောင်ရမည်။
၂။ စံသတ်မှတ်ချက်များ နှင့်လိုအပ်ချက်များ
- အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ စံတန်ဖိုးများ၊ ဦးတည်ချက်များ၊ ရည်ရွယ်ချက်များကို အလေးထားပံ့ပိုး ဆောင်ရွက်လိုသူဖြစ်ရမည်။
- ငြိမ်းချမ်းရေး တရားမျှတရေး၊ တန်းတူညီမျှရေး၊ အမျိုးသမီးများမြှင့်တင်ရေး နှင့် ပူးပေါင်း ပါဝင်ရေး တို့ကို ယုံကြည်မှုရှိပြီး ၎င်းအကြောင်းအရာ များနှင့် အကျွမ်းတဝင် ရှိသူ ဖြစ်ရမည်။
- အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ချမှတ်ထားသော မူ၀ါဒများ၊ လုပ်ငန်းစီမံချက်များနှင့် ဆိုင်သော သဘောတရားများ နှင့်အညီ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- အသင်းအဖွဲ့ဖြင့်ပူးပေါင်းလုပ်ဆောင်နိုင်သူ၊ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- ဆက်ဆံရေး ပြေပြစ်မှုရှိပြီး ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု၊ စုံလင်ကွဲပြားမှု နှင့် လူမျိုး ကွဲပြားသူများ နှင့် လက်တွဲ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- ကျန်းမာရေး ကောင်းမွန်ပြီး အချိန်ပြည့်တာ၀န်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
- အလုပ်အပေါ်စိတ်ဝင်စားပြီး အာရုံစူးစိုက်ဆောင်ရွက်နိုင်သူဖြစ်ရမည်။
- ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်လက်မှတ် (သို့မဟုတ်) နိုင်ငံကူးလက်မှတ်ရှိရန် လိုအပ်သည်။
၃။ လုပ်ငန်းနှင့်စပ်လျဥ်းပြီးလိုအပ်သောအရည်အချင်းများ
- မြန်မာဘာသာနှင့်အင်္ဂလိပ်ဘာသာကို ကောင်းမွန်စွာပြောဆိုရေးသားနိုင်သူဖြစ်ရမည်။
- ဘဏ္ဍာရေးမှူး(သို့မဟုတ်)ဘဏ္ဍာရေးအကြီးတန်းဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသူ၊ အနည်းဆုံး(၃)နှစ်အတွေ့ အကြုံရှိရမည်။
- ဘဏ္ဍာရေးဌာန ကောင်းမွန်စွာလည်ပတ်နိုင်ရေးကို ဦးဆောင်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
- ဘဏ္ဍာရေးစီမံခန့်ခွဲရေးနှင့် စပ်လျဉ်းပြီး သိကျွမ်းနားလည်သူနှင့် စီမံခန့်ခွဲနိုင်သူဖြစ်ရမည်။
- ဘဏ္ဍာရေးဆိုင်ရာမူပေါ်လစီများ၊လုပ်ထုံးလုပ်နည်းများကို ကောင်းမွန်စွာနားလည်သူဖြစ်ရမည်။
- ဘဏ္ဍာရေးနှင့်သက်ဆိုင်သော ဘွဲ့တစ်ခုခု(သို့မဟုတ်) LCCI Level 3 အောင်မြင်ပြီးသူဖြစ်ရမည်။
- ဘဏ္ဍာရေးနှင့်သက်ဆိုင်သည့် ဆော့ဝဲလ်တစ်ခုခုတွင် ကျွမ်းကျင်သူဖြစ်ရမည်။
- ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာရေးသားခြင်း၊ Financial Statements ကိုကျွမ်းကျင်သူဖြစ်ရမည်။
- ကွန်ပျူတာ (Excel, Microsoft word, Powerpoint,Google Drive, etc.……)ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။
စိတ်ပါ၀င်စားသူများအနေဖြင့် မိမိ၏ ကိုယ်ရေးရာဇ၀င်၊ letter of Interest၊ မိမိလုပ်ခဲ့သည့်အဖွဲ့အစည်း Reference check person(၂)ဦး၏ အမည်၊ ရာထူး၊ အဖွဲ့အစည်းအမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်နှင့်အတူ hr@womenofburma.org secretariat@womenofburma.org သို့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀) ရက်နေ့၊ ညနေ (၅း၀၀)နာရီထက် နောက်မကျပဲ အီးမေးလ် (Email )ဖြင့် ပေးပို့လျှောက် ထားနိုင်ပါသည်။