ဝန်ထမ်းရှာဖွေခေါ်ယူခြင်း
Leadership For Change Program Coordinator
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် မြန်မာနိုင်ငံမှ နောက်ခံသမိုင်းကြောင်း စုံလင်ကွဲပြားသည့် အမျိုး သမီးအဖွဲ့အစည်း(၁၃)ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းထားသော အဖွဲ့ချုပ် ဖြစ်သည်။ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို အခြေခံသော ငြိမ်းချမ်း တရားမျှတသော လူ့ဘောင်အဖွဲ့အစည်းသို့ ရှေးရှု၍ အမျိုးသမီးများ ဘ၀အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက်ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပါသည်။
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)တွင် တာဝန်ထမ်းဆောင်ရန် ဖော်ပြပါ ရာထူးတာဝန်များအတွက် ဝန်ထမ်း ရှာဖွေခေါ်ယူလျက်ရှိပါသည်။
|
ခန့်အပ်သောလိုသော ရာထူး |
Leadership For Change Program Coordinator |
|
အစီရင်ခံရမည့်သူ |
Program Manager/Program Oversees |
|
လုပ်ငန်းစဉ် ကာလ |
1 year (Possible extension) |
|
အလုပ်ချိန် |
ရုံးချိန် (နံနက်-၉း၀၀ မှညနေ-၅း၀၀) နာရီအထိ (Monday to Friday) |
|
လုပ်ငန်းစတင်မည့်အချိန် |
၂၀၂၆ ခုနှစ်၊ ဖေဖော်၀ါရီလ(၂၃)ရက်နေ့ |
|
တာ၀န်ထမ်းဆောင်ရမည့်ဒေသ |
ထိုင်းနိုင်ငံ |
|
အခြေခံလစာ |
USD 1100 နှင့် အခြားသောအကျိုးခံစားခွင့်များ |
|
လျှောက်လွှာပိတ်မည့်ရက် |
၂၀၂၆ ခုနှစ်၊ ဖေဖော်၀ါရီလ (၁၀) ရက်နေ့ |
လုပ်ငန်းစဉ်တာဝန်ခံ၏ တာဝန်ဝတ္တရားများ
- လုပ်ငန်းစဉ်မန်နေဂျာ သို့မဟုတ် သက်ဆိုင်ရာအတွင်းရေးမှူးထံ တိုက်ရိုက် အစီရင်ခံရမည်။
- လုပ်ငန်းစဉ်၏ လက်ထောက်တာဝန်ခံအား ကြီးကြပ်တာဝန်ခံရမည်။
- အဖွဲ့ချုပ်၏လုပ်ငန်းစဉ်အလိုက် လှုပ်ရှားဆောင်ရွက်မှုများကို တွေးဆပုံဖော်ခြင်း၊ လက်တွေ့ အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းများ ဆောင်ရွက် ရမည်။
- အဖွဲ့ချုပ်မှချမှတ်သည့် Leadership for Change လုပ်ငန်းစဥ် မဟာနည်းဗျူဟာများကို အကောင် အထည်ဖော်ဆောင်ရွက်ရမည်။
- အဖွဲ့ချုပ်၏လုပ်ငန်းစဥ်မှဦးဆောင်ပြုလုပ်သည့်ဆွေးနွေးပွဲများ၊ သင်တန်းများနှင့် နှီးနှောဖလှယ်ပွဲ များ စည်းရုံးလှုံ့ဆော်မှုများကို စီမံဆောင်ရွက်ရမည်။
- အလှူရှင်ထံတင်သွင်းရမည့် အဆိုပြုလွှာ ရေးသားရာတွင်လည်း အဖွဲ့ချုပ်မှ ချမှတ်ထားသည့် မဟာနည်းဗျူဟာနှင့်အညီပြင်ဆင်ပြီး လုပ်ငန်းစဉ် မန်နေဂျာထံသို့ ပေးပို့ရမည်။
- အလှူရှင်ထံ တင်သွင်းရမည့် အစီရင်ခံစာများအတွက် လိုအပ်သည့် အချက်အလက်များကို ပြင်ဆင်ပြီး လုပ်ငန်းစဉ် မန်နေဂျာထံသို့ ပေးပို့ရမည်။
- လုပ်ငန်းစဥ် အကောင်အထည်ဖော်ဆောင်သည့် လှုပ်ရှားမှုများ၏ အသုံးစရိတ်များ၊ ဘောင်ချာ များနှင့် လိုအပ်သည့်စာရွက်စာတမ်းများ ပြည့်စုံမှုရှိမရှိ ကြီးကြပ်စီစစ်ပေးရမည်။
- မိမိလုပ်ငန်းစဉ်မှ ပြုလုပ်သည့် လှုပ်ရှားမှုများအား အကောင်အထည် ဖော်ဆောင် ပြီးပါက (၂)ပတ် အတွင်းလှုပ်ရှားမှု အစီရင်ခံစာရေးသားပြီး လုပ်ငန်းစဉ်မန်နေဂျာထံ ပေးပို့ရမည်။
- အဖွဲ့ချုပ်၏(၆)လပတ်အစည်းအဝေးများ၊ လုပ်ငန်းစဉ်နှင့်ပတ်သတ်သည့် အစည်းအဝေးများ၊ ညီလာခံများအတွက် မိမိတို့ဌာနအစီရင်ခံစာများကို ကြိုတင်ပြင်ဆင်ပြီးအတွင်းရေးမှူးအဖွဲ့ထံပေးပို့ ရမည်။
စံသတ်မှတ်ချက်များ
- အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ စံတန်ဖိုးများ၊ ဦးတည်ချက်များ၊ ရည်ရွယ်ချက်များကို အလေးထားပံ့ပိုး ဆောင်ရွက်သူဖြစ်ရမည်။
- ငြိမ်းချမ်းရေး တရားမျှတရေး၊ တန်းတူညီမျှရေး၊ အမျိုးသမီးများမြှင့်တင်ရေးနှင့် ပူးပေါင်း ပါဝင်ရေး တို့ကို ယုံကြည်မှုရှိပြီး ၎င်းအကြောင်းအရာ များနှင့် အကျွမ်းတဝင် ရှိသူ ဖြစ်ရမည်။
- ဆက်ဆံရေးပြေပြစ်မှုရှိပြီး စုံလင်ကွဲပြားသည့်လူမျိုးစု၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုတို့နှင့် လက်တွဲဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- အသင်းအဖွဲ့ဖြင့်ပူးပေါင်းလုပ်ဆောင်နိုင်သူ၊ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- အသက် (၂၅)နှစ်ပြည့်ပြီးသောအမျိုးသမီးဖြစ်ရမည်။ အဖွဲ့ချုပ်ရုံးဆိုက်ရာ ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နိုင်သူနှင့် ထိုင်းနိုင်ငံတွင်နေထိုင်နိုင်ရန်အတွက် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) အထောက်အထားတစ်ခုခု ရှိသူဖြစ်ရမည်။
- ကျန်းမာရေး ကောင်းမွန်ပြီး အချိန်ပြည့်တာ၀န်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
လိုအပ်သောအရည်အချင်းများ
- မြန်မာဘာသာနှင့်အင်္ဂလိပ်ဘာသာကို ကောင်းမွန်စွာပြောဆိုရေးသားနိုင်သူဖြစ်ရမည်။
- လုပ်ငန်းစဉ် လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းသည့် ရန်ပုံငွေအဆိုပြုလွှာများ ၊ အစီရင်ခံစာများ ပြင်ဆင်ရေးသားခဲ့သည့် အတွေ့အကြုံရှိသူဖြစ်ရမည်။
- လုပ်ငန်းစဉ်လုပ်ငန်းစီမံချက်၊ စီမံခန့်ခွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း အတွေ့အကြုံနှင့် ပတ်သတ်၍ အနည်းဆုံး (၃) နှစ်နှင့် အထက်ရှိသူ ဖြစ်ရမည်။
- Leadership development/ Capacity building နှင့်စပ်လျဉ်းသည့်အတွေ့အကြုံ အနည်းဆုံး(၂)နှစ် အထက်ရှိသူဖြစ် ရမည်။
- ဘဏ္ဍာရေးစီမံခန့်ခွဲရေးနှင့် စပ်လျဉ်းပြီး သိကျွမ်းနားလည်သူနှင့် စီမံခန့်ခွဲနိုင်သူဖြစ်ရမည်။
- ကွန်ပျူတာ (Excel, Microsoft word, Powerpoint,Google Drive, etc.……)ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။
စိတ်ပါ၀င်စားသူများအနေဖြင့် မိမိ၏ ကိုယ်ရေးရာဇ၀င်၊ letter of Interest၊ မိမိလုပ်ခဲ့သည့်အဖွဲ့အစည်း Reference check person (၂)ဦး၏ အမည်၊ ရာထူး၊ အဖွဲ့အစည်းအမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်နှင့်အတူ hr@womenofburma.org, secretariat@womenofburma.org သို့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့၊ ညနေ (၅း၀၀)နာရီထက် နောက်မကျပဲ အီးမေးလ် (Email )ဖြင့် ပေးပို့လျှောက် ထားနိုင်ပါသည်။