Skip to main content

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာတွင် မီးနေသည် အမျိုးသမီးတစ်ဦးအား အကြမ်းဖက်စစ်တပ်၏ တပ်သားများမှ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်းနှင့် ပတ်သက်၍ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ပြင်းထန်စွာ ရှုတ်ချခြင်း

 

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာတွင် မီးနေသည် အမျိုးသမီးတစ်ဦးအား အကြမ်းဖက်စစ်တပ်၏ တပ်သားများမှ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်းနှင့် ပတ်သက်၍ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ပြင်းထန်စွာ ရှုတ်ချခြင်း

                                                                                   

                                                                           ရက်စွဲ။ ။ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်။

 

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ည ၁၁ နာရီ မှ ၁၂ နာရီကြားတွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ရွာ နေထိုင်သော ကလေး (၄) ဉီးမိခင် မီးနေသည်အား ၎င်း၏နေအိမ်၌ အကြမ်းဖက်စစ်တပ်  တပ်သား(၃)ဦးမှ အကြိမ်ကြိမ် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သော ရာဇဝတ်မှုနှင့် ပတ်သက်၍ မိမိတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ပါသည်။

 

၂၀၂၁ ခုနှစ်နိုဝင်ဘာလ (၇) ရက်နေ့တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာသို့ အကြမ်းဖက်စစ်တပ်၏ စစ်သားအင်အား ၄၀ ခန့် ရောက်ရှိလာသည်။ ယင်းစစ်တပ်များ ဝင်ရောက် ပြီးနောက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ ည ၁၁ နာရီခန့်အချိန်တွင် စစ်သား (၃) ယောက် သည် မီးဖွားပြီး ၁ လခွဲသာရှိသေးသော မီးနေသည်တစ်ဉီး၏ အိမ်သို့ ဝင်ရောက်၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များရှိကြောင်း သတင်းရရှိထားသည်ဟု ဆိုကာ ၎င်းနှင့် ၎င်း၏ခင်ပွန်းအား  စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။

ထိုဇနီးမောင်နှံမှ PDF ဆိုသည်ကို တစ်ခါမျှမကြားဖူးကြောင်းPDF လည်းမဟုတ်ရကြောင်း ငြင်းဆိုကြ သော်လည်း စစ်သားများက လက်မခံဘဲ ခြိမ်းခြောက်မှုများပြုလုပ်၍ အိမ်၌ ထွန်းထားသော မီးများကို ပိတ်ခိုင်းပြီး စစ်သား(၁)ယောက်မှ ခင်ပွန်းဖြစ်သူကို အိမ်နောက်ဖေးဘက်သို့ခေါ်သွားပြီး   ဦးခေါင်း မဖော်ရန် သေနတ်ဖြင့်ခြိမ်းခြောက်သည့်အပြင် စားပွဲပေါ်ရှိ ဖန်ခွက်ဖြင့် ၎င်း၏ဦးခေါင်းကို ရိုက်နှက် သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တစ်ချိန်တည်းမှာပြင် ကျန်စစ်သား(၂) ယောက်မှ မီးနေသည်အား အိပ်ခန်းထဲသို့ခေါ်သွား၍ ၎င်းပွေ့ချီထားသည့် (၁လခွဲ)ခန့်အရွယ် မွေးကင်းစ ကလေးငယ်အား အမြန် ချထားခိုင်းပြီး  ကုတင်ပေါ်သို့ အတင်းအဓမ္မ အိပ်ခိုင်းစေခဲ့သည် ူမက အတန်တန်တောင်းပန် သော်လည်း  စစ်သားများက သေနတ်ဖြင့် ပစ်သတ်မည်ဟုခြိမ်းခြောက်ပြီး အတင်းအဓမ္မ မုဒိမ်းကျင့်၍ ထွက်ခွာသွားခဲ့သည်။

အချိန်အတန်ကြာတွင် ယင်းစစ်သား (၃) ယောက်အနက် စစ်သား(၂) ယောက် ရောက်ရှိလာပြီး (၁)ယောက်က ခင်ပွန်းဖြစ်သူအား ထိန်းချုပ်ခြိမ်းခြောက်ထားပြီး ကျန် (၁)ယောက်က ၎င်းမီးနေသည် ကို ခင်ပွန်းရှေ့ ထပ်မံမုဒိမ်းကျင့်၍ ထွက်သွားခဲ့သည်။ ထို့နောက် ည ၁၂နာရီခန့်တွင် ယင်းစစ်သား (၃)ယောက် အရက်မူးလျှက် ပြန်ရောက်လာပြီး (၁) ယောက်က ခင်ပွန်း ဖြစ်သူကို ြိမ်းခြောက်ပြီး ကျန်စစ်သား(၂) ယောက်က ၎င်းမီးနေသည်အား ထပ်ဆင့်မုဒိမ်းကျင့်ပြန်သည်။

ထို့အပြင် စစ်သားများသည် ၎င်းဇနီးမောင်နှံတို့ပိုင်ဆိုင်သည့် ဖုန်း၊ ပါဝါဘင့်၊ ငွေသား တစ်သောင်း ရှစ်ထောင် (၁၈၀၀၀)ကျပ်နှင့် ရွေနားကပ်တို့ကို အတင်းအဓမ္မလုယူသွားခဲ့သည်သာမက ခင်ပွန်းဖြစ်သူ ကို အရက်ဆိုင်သို့ ဆိုင်ကယ်ဖြင့် အတင်းအဓမ္မ လိုက်ပို့ခိုင်းခဲ့ရာ အရက်ဆိုင်မဖွင့်သဖြင့် ၎င်းအား ထပ်မံှဉ်းပန်း နှိပ်စက်ခဲ့ပြန်သည်။

မြန်မာစစ်တပ်သည် နှစ်ပေါင်း (၇၀)ကျော်ကြာ ပြည်တွင်းစစ်ပဋိပက္ခ ဖြစ်ပွားရာ တိုင်းရင်းသား ဒေသများတွင် တိုင်းရင်းသူ အမျိုးသမီးများအား မုဒိမ်းကျင့်ခြင်း အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်လက်နက်သဖွယ်အသုံးပြု၍ အစီအစဉ်ချ ကျူးလွန်လျက်ရှိသည့်အပြင် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၌ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျယ်ပြန့်စွာ ကျုးလွန်လျက်ရှိပြီး ပြစ်ဒဏ်ပေးခြင်းမှလည်း ကင်းလွတ်ခွင့် ဆက်လက်ရရှိနေသည်ကို ဤချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာနေ မီးနေသည် အမျိုးသမီးအား လူမဆန်စွာ အုပ်စုလိုက် အကြိမ်ကြိမ်မုဒိမ်းကျင့်မှုဖြစ်ရပ်က အခိုင်အမာသက်သေပြ နေသည်။

မိမိတို့ အဖွဲ့ချုပ်မှ အကြမ်းဖက်စစ်တပ်အား ၎င်းတို့၏ လူသားဖြစ်မှုအပေါ်ဆန့်ကျင်သည့်ရာဇဝတ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများအား တာဝန်ယူတာဝန်ခံနိုင်ရန်အတွက် နိုင်ငံတကာ တရားမျှတမှု၊ တာဝန်ယူမှု တာဝန်ခံမှု ယန္တယားများနှင့် ထိရောက်စွာအပြစ်ဒဏ် အရေးတကြီး လုပ်ဆောင်ရန် အထူးလိုအပ်နေကြောင်း သုံးသပ်သည်။

သို့ဖြစ်ပါ၍ မိမိတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ အောက်ပါအချက်များကို တောင်းဆို တိုက်တွန်းလိုက်ပါသည်။

 

-   ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု ဆိုင်ရာ အထူးကိုယ်စားလှယ် SRSG SVC မှ အကြမ်း ဖက်စစ်တပ်မှ အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် ကျူးလွန်လျက်ရှိသော လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများကို ထိရောက်သည့်စုံစမ်းစစ်ဆေးရေးနှင့် အရေးယူ ဆောင်ရွက်မှုများ ချက်ချင်း လုပ်ဆောင်ပေးရန်။

-     အကြမ်းဖက်စစ်ကောင်စီမှ နှစ်ပေါင်းများစွာ ကျုးလွန်လျက်ရှိသော ပဋိပက္ခနှင့် ဆက်နွယ် သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင်  လူသားဖြစ်မှုအပေါ် ဆန့်ကျင်သည့် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများအတွက် တာဝန်ယူ တာဝန်ခံမှု ရှိရန် နှင့် တရားမျှတမှုရရှိရန်အတွက် နိုင်ငံတကာ ယန္တရားများအားဖြင့် ထိရောက် သည့် ပြစ်ဒဏ်ပေးအရေးယူဆောင်ရွက်မှုများ ချက်ချင်းလုပ်ဆောင်ရန်။

 

-    အစီအစဉ်ချ အကျူးလွန်ခံရသော အမျိုးသမီးနှင့် မိန်းကလေး ငယ်များ၏ တရားမျှတမှုကို ဖော်ဆောင်နိုင်ရန်အတွက် အကြမ်းဖက် စစ်တပ်အား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးသို့ ချက်ချင်း လွှဲပြောင်းပေးရန်။

 

-     လက်ရှိဖြစ်ပွားလျက်ရှိသာ အကြမ်းဖက်စစ်တပ်မှ ကျုးလွန်သည့် ပုံစံမျိုးစုံ လူ့အခွင့်အရေး ချိုးဖောက်မှုအပါအဝင် မုဒိမ်းကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးပြု၍ အမျိုးသမီးများ အပေါ် ကျုးလွန်နေမှုအတွက် တော်လှန်ရေးအစိုးရဖြစ်သည့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)အနေဖြင့် ကန့်ကွက်ရှုတ်ချရန်နှင့် မြန်မာနိုင်ငံနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တို့၏ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု  တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေး ပူးတွဲကြေညာချက်အရ အမျိုးသမီးများအား  ထိရောက်စွာ အကာအကွယ်ပေးသည့် အစီအစဉ်များ၊ ယန္တရားများနှင့်  အရေးယူဆောင်ရွက်မှုများ ချမှတ်ရန်။

 

ဆက်သွယ်ရန်

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

အတွင်းရေးမှူး -                                  ၀၉ ၇၉၈ ၅၈ ၂၁၄၀

မူဝါဒရေးရာ ဉီးဆောင်အဖွဲ့-                   ၉ ၈၆၃၅ ၄၆၂၀၈