တရားမ၀င် ရွေးကောက်ပွဲ ကျင်းပရန် စစ်တပ်က ကြေငြာပြီးနောက် ကရင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်လာပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒရုန်း၊ အမြောက်များစွာနဲ့ တိုက်ခိုက်မှုတွေက ကော်သူးလေရှိ ပညာရေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့တာပါ။ ကျောင်းတွေကို ပိတ်ထားခဲ့ရပြီး ကျောင်းသားတွေနဲ့ ဆရာတွေက ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျောင်းသူ ကျောင်းသား၊ ကျောင်းဆရာမတွေနဲ့ ကရင်အမျိုးသမီး အစည်းရုံးတို့ရဲ့ ရင်ဖွင့်သံတွေဖြစ်တဲ့ ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုနိုင်ပါပြီ။ ဤဗီဒီယိုကို Karen Women's Organization - KWO မှထုတ်လုပ်ထားတာဖြစ်ပါတယ်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ကရင်အမျိုးသမီးအစည်းအရုံးအကြောင်းကို ပိုမိုလေ့လာလိုပါက ၎င်းတို့၏ ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။