စစ်မှုထမ်းခေါ်ယူနေမှုကြောင့် ဒေသခံ လူငယ် အမျိုးသမီး မိသားစုဝင်များ ကြုံတွေ့ နေရသည့် အခက်အခဲ စိန်ခေါ်ချက် ရင်ဖွင့်သံများ ၂၀၂၄ ဖေဖော်ဝါရီလတွင် စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပြီးနောက် အသွင်ပြောင်း ပြည်သူ့စစ် အဖွဲ့(PNA) က အတင်းအဓ္ဓမစစ်မှုထမ်း ခေါ်ယူခြင်းများကြောင့် လူငယ်များ ရှေ့တန်းတိုက်ပွဲတွင် အသုန်းအရုန်းသေဆုံးမှုများနှင့်ကြုံတွေရသည့်အခြေအနေ၊ အိမ်ထောင်စုတိုင်း တစ်အိမ်တစ်ယောက် မဖြစ်မနေ စစ်မှုထမ်းရန် ခေါ်ယူမှုများကြောင့် လွတ်မြောက်နေရာ၊ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ရာ ရွေ့ပြောင်းအလုပ်သမားဘဝအဖြစ် လူငယ်များ၏ အခြေအနေနှင့် စစ်မှုထမ်းခေါ်ယူမှုတွင် ပါသွားသည့် စစ်သားများ၏ အမျိုးသမီး မိသားစုဝင်များ ကြုံတွေ့ရသော လုံခြုံဘေးကင်းရေး၊ စားဝတ်နေရေး အခက်အခဲ များကို တင်ပြထားပါသည်။